February 10, 2010 9:52 PM
Q: ကျွန်တော်အသက် (၂၀) ရှိပါပြီ။
မိန်းမနဲ့လည်းဆက်ဆံဖူးတယ်။ ယောက်ျားနဲ့လည်းဆက်ဆံဖူးတယ်။ ဒါပေမဲ့
လောလောဆယ်အထိတော့ မိန်းမထက်ယောက်ျား ကိုယ်လုံးတီးပုံတွေက ကျွန်တော့်ကို
ပိုပြီး လိင်စိတ်ထကြွစေတာကို တွေ့နေရပါတယ်။ ဒါဆိုကျွန်တော်ဂေးပေါ့။
ဒါပေမဲ့ကျွန်တော်အဲဒီလိုမဖြစ်ချင်ဘူး။ ပုံမှန်လိင်စိတ် (မိန်းမကိုသာ
တပ်မက်သောစိတ်) ရှိလာအောင် ကျွန်တော်ဘယ်လို ပြုမူကုသရမလဲဆိုတာကို
ကျေးဇူးပြု ဖြေကြားပေးစေလိုပါတယ်။
Dec 10, 2010 at 12:29 AM
Q:
ကျွန်တော်အခု အသက် ၂၇-နှစ်ရှိပါပြီ။ အခုအချိန်အထိ မိန်းကလေး တစ်ယောက်ကို
ရာဂစိတ်နဲ့ မပြစ်မှားဖူး သေးပါဘူး။ ဒါပေမယ့် ယောက်ျား တစ်ယောက်ယောက်ကိုတော့
ရာဂစိတ်တွေ ဖြစ်ဖူးပါတယ်။ အဲဒီယောက်ျားနဲ့ လိင်တူချင်း ဆက်ဆံမှုအနေနဲ့
ရာဂစိတ်ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်ခုထူးခြားတာက ကျွန်တော် စိတ်ဝင်စားမိတဲ့
ယောက်ျားတွေက အသက် (၅၀)ကျော် (၆၀) တွေ ဖြစ်နေပါတယ်။ ဒီစိတ်တွေ
ဖြစ်ပေါ်လာတော့ ကိုယ်ကိုယ့်ကို အပြစ်ရှိသူ တစ်ယောက် မရိုးသားသူ တစ်ယောက်လို
ခံစားနေရပါတယ်။ ကျွန်တော့် စကားတွေ ရိုင်းသွားတယ် ဆိုရင် ခွင့်လွှတ်ပေးပါ။
ကျွန်တော်ဟာ ဂေးတစ်ယောက် ဖြစ်နေပြီလား။ အဲဒီစိတ်တွေ ပျောက်အောင် ဘယ်လို
ပြုပြင်ရမလဲ။ အကြံဉာဏ်လေး ပေးပါဦး။
တခါမှ
မရေးဘူးသေးတဲ့ အကြောင်းအရာ ရေးရပါပြီ။ မေးလို့ဘဲပေါ့။ လိင်တူအကြောင်း။
ဒီဘာသာရပ်ကို ခရေစေ့တွင်းကျ မရေးလိုပါ။ မေးတဲ့သူမှာ အကျိုးရှိနိုင်တာသာ
ရေးပါမယ်။ ဒီတော့ ဒီစာတိုမှာ လိုတာတွေ ရှိပါမယ်။
အနောက်နိုင်ငံတွေမှာ
ဘာသာရေးကရော၊ ဘာမဆို ပွင့်လင်းရမယ်၊ ချုပ်တည်းမှုတွေ မလိုဘူး၊ နောင်ဘ၀ဆိုတာ
မယုံတော့ အခု သာယာတာ၊ ချမ်းသာတာတွေက အဓိက စတဲ့စတဲ့ အယူအဆေတွေကြောင့်
ကမ္ဘာ့တခြား နေရာတွေထက် အကောင်းလို့ ပြောနိုင်တာတွေရော အဆိုးတကယ် စစ်တာတွေပါ
လွန်ကဲနေတယ်။
Gay ဆိုတဲ့စကားလုံးကို အရင်က အပူအပင်ကင်းသူ၊
ပျော်ပျော်နေသူ၊ ထက်မြက်သူ၊ စတဲ့အဓိပ္ပါယ်နဲ့ သုံးခဲ့ရာကနေ ဒီလို
ပြောတာကိုတောင်မှ မသိရတော့လောက်အောင် “လိင်တူသမား” တွေလို့သာ မှတ်လာကြတာက
၂၀ ရာစု ရောက်ခါနီးမှပါ။ လိင်တူ ဆိုတာတောင် ကျား-ကျား၊ မ-မ
နှစ်မျိုးလုံးနဲ့ ဆိုင်ပေမဲ့ ၂၁ ရာစုထဲမှာ (မ) တွေအတွက် Lesbian
စကားလုံးကို ပေးပြီး၊ (ဂေး) ကို ယောက်ျားသားတွေက အပိုင်သိမ်းလာကြတယ်။
Homosexuality
ရဲ့သဘောဟာ အလွန်မတန် ရှုတ်ထွေးတာကို သိလာရတယ်။ မိသားစု၊ ပါတ်ဝန်းကျင်၊
မျိုးဗီဇ အကုန် ဆိုင်နေတယ်။ အတော်များများမှာ မသိစိတ်ကနေ ရွေးချယ်ပေးနေတယ်။
တချို့မှာ ကလေးဘ၀ကတည်းက မိဘတွေက လိုအပ်တာမို့ ဖြစ်ကြရတယ်။ အပေါင်းအသင်းနဲ့
ပါတ်ဝန်းကျင်လဲ မလွတ်ဘူး။
မျက်မှောက်ကမ္ဘာမှာ လူတိုင်း Brainwashed
ဦးနှောက် ဆေးခံနေကြရတယ် မဟုတ်ပါလား။ ရေဒီယိုနားထောင်၊ ရုပ်ရှင်-ပြဇာတ်
ကြည့်ကြည့်၊ ကြော်ညာတွေ မြင်မြင်၊ နိုင်ငံရေးဆိုတာတော့ မပြောနဲ့၊ အစိုးရကသာ
ထုတ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ သတင်းစာကအစ ဖြစ်စေချင်တာ၊
ဖတ်စေချင်တာတွေကိုသာ၊ သည်းခြေကြိုက်တွေကိုသာ 24 x 7 မဖတ်ချင်၊ မကြားချင်၊
မမြင်ချင် အဆုံး။ ဒီအထဲမှာ Homosexuality လဲပါတယ်။ ၂၀၀၉ တုံးက “မောင်မစ္စက
ပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာ ကျင်းပ” လို့ ဖတ်ရဘူးတယ်။
ဒီအကြောင်းအရာကို
ဦးဆုံး စက်တင်ပုံနှိပ်ခဲ့တာ ၁၈၆၉ မှာ Karl-Maria Kertbeny
ရဲ့ဝတ္ထုဖြစ်ပေမဲ့ အမည် မဖေါ်လိုသူ တဦး ဆိုပြီး ရေးခဲ့ရတာပါ။ စိတ်ပညာနဲ့
Homosexuality ကို စလေ့လာတုံးက Mental illness စိတ်ရောဂါတမျိုးလို့
သတ်မှတ်ခဲ့တယ်။ နောက်တော့ ပြန်ပြင်လာရတယ်။ ၁၉၇၀ ကျော်တော့ Normal variation
of human sexual orientation လိင်စိတ် တိမ်းညွှတ်မှု ပြောင်းလဲတတ်တဲ့
သဘာဝဖြစ်စဉ်လို့ ဆိုလာကြတယ်။ အမေရိကားနဲ့ အနောက် နိုင်ငံတွေမှာပါ။
သူတို့ဆီမှာ ဒီလိုဖြစ်နေသူ ၂-၁၃% ရှိတယ်။ တိုးနေအုံးမှာပါ။
မိန်းမကိုယ်ခန္ဓာလို
ရှိသူဟာ ယောက်ျားကိုယ်မျိုးကို နှစ်သက်တယ်။ အပြန်အလှန်ပေါ့။
အမြဲမှန်တာတော့ မဟုတ်ပြန်ဘူး။ တချို့ ပြောင်းပြန် ဖြစ်နေတာတွေ ရှိတယ်။
Homosexuality ဆိုတိုင်း လိင်အင်္ဂါတွေ သုံးပြီး ဆက်ဆံမှုပြုတာ မဟုတ်ဘူး။
Romantic စိတ်ကစားတာ၊ Behavior အမူအယာပြုတာ၊ Attraction စွဲလမ်းမှု
ဖြစ်တာတွေလဲ ပါတယ်။ စောစောပြင်ရင် ဆက်မတိုးစေနိုင်ပါ။
တချို့က
မပြင်ချင်ကြဘူး။ ပြင်ဘို့ လိုကောင်းမှန်းတောင် မရှိစေအောင်၊ နက်သထက် နက်တဲ့
တွန်းထဲ ပို့ချ-ဖိချနေတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ လူအတော်များများ
နေကြရတယ်။ ပြင်ချင်တဲ့သူတွေကို အားပေးကြဘို့ တိုင်တွန်းချင်ပါတယ်။ AIDS ကို
ကာကွယ်ရေး၊ တိုက်ဖျက်ရေးလုပ်တာမျိုးလို လုပ်နိုင်ရင် လူ့လောကကြီးဟာ
လူ့လောကကြီးနဲ့ ပိုတူလာလိမ့်မယ်။ HIV ရှိသူ၊ ဒီလို သဘာဝ မဟုတ်တာ
ရှိနေသူတွေကို နှိမ်ဘို့၊ ပယ်ဘို့တော့ လုံးဝ မလုပ်သင့်ဘူး။ ဒါပေမဲ့
သူတို့တတွေကို နားလည်မှု ပေးပြီး၊ ဖေးမ ပြုပြင်ရမယ်။ မဖြစ်သေးသူတွေ
နည်းအောင် လုပ်ရမယ်။ တိုက်ဆိုင်နေတာက လိင်တူကနေ AIDS ကို စသိခဲ့တာ
မဟုတ်ပါလား။ မိဘတိုင်းက ကိုယ့်သမီးကို မိန်းကလေး ပီသစေချင်တယ်၊
ယောက်ျားလေးကိုလဲ အဲလိုဘဲ။
ခရစ်ယမ် (ရိုမန်ကက်သလစ်) က Pornography
ကို Mortal sin အကုသိုလ်လို့ သတ်မှတ်တယ်။ ခရစ်တော်က ဘယ်သူမဆို Lust
ရာဂစိတ်နဲ့ ကြည့်တာဟာလဲ Adultery ဖေါက်ပြန်မှုတဲ့။ ဗုဒ္ဓဘာသာအဆိုအရ
အပြစ်ဆိုတာ စိတ်၊ နုတ်နဲ့ ကိုယ် ကံသုံးပါလုံးမှာ ကျူးလွန်နိုင်တယ်။ စိတ်က
ပင်မကျတယ်။ Psychotherapy စိတ်ကုသနည်းနဲ့ Sexual orientation ဆိုတာ
ပြောင်းလို့ ရနိုင်တယ်၊ နည်းအောင် လုပ်နိုင်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့်
မရသေးပါ။
အရုပ်၊ အသံ၊ ဗီဒီယိုတွေက စိတ်ကို ကြွစေတာမို့
ဆင်ခြင်နိုင်လေ မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ မပေါ်လေဘဲ။ ပေါင်းသင်းတာလဲ
ရွေးသင့်တယ်။ ကျောင်းပြောင်း၊ အလုပ်ပြောင်းဘို့လိုရင် သတ္တိရှိရှိ
ဆုံးဖြတ်သင့်တယ်။ မိဘတွေလဲ ကလေးအတွက် အချိန်ပိုပေးသင့်ကြတယ်။
လူတယောက်မှာ
တသက်လုံး Gay ဖြစ်နေတော့မယ်ဆိုတာ မမှန်ဘူး။ ပြောင်းလဲစေတတ်တယ်။ Fluidity
of orientation ခေါ်တယ်။ အားတက်ဘို့ ကောင်းတာက Gay တွေရော Lesbian တွေပါ
ဘ၀အဆင့်တခုမှာ Coming out အမြင်မှန် ပြန်ရလာမျိုး ဖြစ်လာနိုင်တာ
တွေ့လာရတယ်။ အဆင့် ၃ ဆင့်ရှိတယ်။ Knowing oneself ကိုယ့်ကိုယ်ကို
သိသွားခြင်း။ Realization သဘောပေါက်လာခြင်း နဲ့ Decision ဆုံးဖြတ်ချက်
ချနိုင်သွားခြင်းတွေ ဖြစ်တယ်။
“ဆီးချိုရှိနေလို့ အချိုမစားရဘူး”
ဆိုပြီး ဆရာဝန်က မှာထားတယ်။ လိုက်နာ စောင့်ထိန်းသူတွေက လိုက်နာတော့ အသက်
ရှည်တယ်။ “ဆရာဝန်စကား မြေ၀ယ်မကျ နားထောင်ထား” လို့ ပြောချင်နေတာတော့
မဟုတ်ဘူး။ “ဆီးချိုသမား အချို မစားတာ အချိုကို မကြိုက်တော့တာ မဟုတ်ဘူး”
လို့ ဆိုချင်တာပါ။ စိတ်ထဲ ကျန်နေနေ၊ နုတ်နဲ့ ရုပ်မပါနဲ့၊ ကိုယ်မပါနဲ့။
အခုပြောင်းဘို့
ဖြစ်လာနေတဲ့ အမေရိကန် စစ်မှုထမ်းဥပဒေက Don't Ask Don't Tell policy (ကျား)
လား၊ (မ) လား၊ (ဂေး) လား၊ (လက်စဘီယန်) လား၊ “မေးလဲ မမေးနဲ့၊ မေးလဲ
ဖြေစရာမလိုဘူး” တဲ့။
ကျန်းမာရေး-မေးခွန်းများ မေးရင်ချင် မေးပါ။ ဖြေနိုင်သလောက် ဖြေပါမယ်။
Dr. တင့်ဆွေ
၂၂-၁၂-၂၀၁၀
၏ ယခု ဆောင်းပါးအား
http://health.ngoinmyanmar.org/2010/12/homo.html မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment