ပဋိသန္ဓေတားနည်းအကြောင်း အမေးအဖြေများ

ပဋိသန္ဓေတားနည်းအကြောင်း အမေးအဖြေများ
-----------------------------------------------
သားသမီး တစ်ဦးနဲ့တစ်ဦး မနီးလိုတာကြောင့်ပဲ ဖြစ်ဖြစ် သားသမီးမလိုချင်သေးတာကြောင့်ပဲဖြစ်ဖြစ် ပဋိသန္ဓေတားနည်းကို သုံးမယ်ဆိုရင် အစီအစဉ်တကျ တားဆီးကာကွယ်တာကနေ အရေးပေါ်တားဆီး ကာကွယ်နည်းအထိ ဘယ်လိုတားဆီးကာကွယ်ရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတို့ သိလိုတဲ့ ပဋိသန္ဓေတားနည်းအကြောင်း အမေးအဖြေတွေကို ရေးသားလိုက်ရပါတယ်။

(၁) မလိုလားအပ်တဲ့ ကိုယ်ဝန်အပြင် လိင်မှတဆင့် ကူးစက်ရရှိတဲ့ ရောဂါ (STD) မရရှိအောင် ဘယ်သန္ဓေတားနည်းက ကာကွယ်ပေးနိုင်ပါသလဲ။
လိင်မှတဆင့်ေ၇ာဂါမရအောင် ကာကွယ်နိုင်ဖို့ဆိုရင် ကွန်ဒုံးကို သုံးဖို့လိုပါတယ်။ ခံတွင်းမှ သောက်ရတဲ့ ပဋိသန္ဓေတား သောက်ဆေးနဲ့ မိန်းမကိုယ်တွင်း ထည့်ရတဲ့ ကွင်း (Vaginal Ring) လို တခြားနည်းတွေက ကိုယ်ဝန်မရအောင်ပဲ ကာကွယ်နိုင်ပါတယ်။ လိင်မှ တဆင့် ရောဂါမရအောင် မကာကွယ်နိုင်ပါဘူး။

(၂) မှန်မှန်ကန်ကန်သုံးစွဲပါက ကိုယ်ဝန်ရနိုင်ခြေ အနည်းဆုံး သန္ဓေတားနည်းက ဘာလဲ
သုံးလကြာတိုင်း ထိုးရတဲ့ သုံးလခံ သဋေတားဆေး(Depoprovera Injection) ဟာ ဆေးထိုးပြီးအချိန် (၂၄)နာရီ ကြာတာနဲ့ အာနိသင်ပြပြီး သုံးလကြာ တားဆီးနိုင်စွမ်းရှိပါတယ်။ ဒီဟော်မုန်းပါ ထိုးဆေးဟာ မမျိုးဥ အိမ်မှ မမျိုးဥ မကြွေအောင် ကာကွယ်ပေးပြီး ဆေးအာနိသင် ဆုံးရှုံးမှုနှုန်းက ၀.၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

(၃) ပဋိသန္ဓေတာဆေးကို သောက်သုံးဖို့ မေ့နေပြီးနောက်တစ်နေ့ အထိ သတိမရဘူးဆိုရင် ဘာလုပ်သင့်သလဲ
သင်ဟာ ကိုယ်ဝန်မရဖို့ ပဋိသန္ဓေတားဆေးကို နေ့စဉ် သောက်တဲ့နည်းကို သုံးနေပြီး ဆေးသောက်ဖို့မေ့ခဲ့ ရင် သတိရတဲ့ အချိန်မှာ ချက်ချင်းသောက်လိုက်ပါ။ နောက်တစ်ရက်အထိ သတိမရဘူးဆိုရင် သတိရတဲ့နေ့မှာ နှစ်လုံးသောက်လိုက်ပါ။ တကယ်လို့ နှစ်ရက်ကျော်တဲ့အထိ ဆေးသောက် ဖို့မေ့သွားရင်တော့ တခြားတားနည်းတစ်ခုခုကို သုံးဖို့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

(၄) အေ၇းပေါ်တားဆေးကို ပုံမှန်သန္ဓေတားဖို့အတွက် သုံးတာက မှန်သလား၊ မှားသလား
မှားပါတယ်။ အရေးပေါ် သန္ဓေတားဆေးက အရေးပေါ်လိုအပ်တဲ့ အချိန်မှသာ တားသင့်ပြီး ပုံမှန် သန္ဓေတားတဲ့ နည်းအဖြစ် မသုံးသင့်ပါ။ ပဋိသန္ဓေတားဖို့ မေ့လျော့သွားတဲ့ သူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိသွားသူတွေ အတွက်ပဲ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

(၅) ပဋိသန္ဓေတားနည်း ဆုံးရှုံးသွားရင် အရေးပေါ်သန္ဓေတားနည်းကို ဘယ်အချိန်မှာ သုံးနိုင်ပါသလဲ
သင်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိသွားရင် ဒါမှမဟုတ် ပဋိသန္ဓေတားတဲ့နည်းက မအောင်မြင်ခဲ့ရင် (ဥပမာ-ကွန်ဒုံးပေါက်ပြဲသွားရင်) အရေးပေါ် ပဋိသန္ဓေတားဆေးကို အချိန် (၇၂)နာရီအတွင်း မှီဝဲနိုင်ပါတယ်။ ဒါပေမယ့် အမြန်ဆုံး မှီဝဲနိုင်လေလေ ပိုကောင်းလေဖြစ်ပါတယ်။

(၆) ဘယ်သန္ဓေတားနည်းက ၅-၁၀ နှစ်လောက်အထိ ထိရောက်မှုရှိပါသလဲ
သားအိမ်တွင်း ပစ္စည်းထည့်တဲ့နည်း (IUCD)ပါ။ IUCD အဓိက အမျိုးအစား နှစ်မျိုးရှိပါတယ်။ ကြေးနီအမျိုးအစား (Copper IUCD) နဲ့ ဟော်မုန်းအမျိုးအစား (Hormonal IUCD) တို့ ဖြစ်ပါတယ်။ အမျိုးအစား ပေါ်မူတည်ပြီး တခါ ထည့်ထားရင် ၅-၁၀နှစ် လောက် ခံပါတယ်။

(၇) မိန်းမကိုယ်ထဲ ကွင်းထည့်ပြီးတာနည်းဆိုတာ ဘာကို ဆိုလိုသလဲ
မိန်းမကိုယ်ထဲ ကွင်းထည့်တားနည်း (Virginal Ring) ဟာ ပဋိသန္ဓေတား သောက်ဆေးနဲ့ အာနိသင် ဆင်တူပါတယ်။ နေ့စဉ်ဆေးသောက်ဖို့ မလိုပါဘူး။ ကွင်းကို တစ်လ တစ်ကြိမ်လဲပေးဖို့လိုပါတယ်။ ကွင်းထည့်ပြီး သုံးပတ်ကြာရင် နောက်တစ်ပတ်မှာ ရာသီလာဖို့အတွက် ပြန်ဖယ်ရှားရပါတယ်။

(၈) ဘယ်သဋေတားနည်းက အကောင်းဆုံးလဲ
ပဋိသန္ဓေတားဖို့အတွက် အကောင်းဆုံးနည်းလမ်းဆိုတာ မရှိပါဘူး။ ဘယ်နည်းလမ်းမဆို အကောင်းနဲ့ အဆိုးက ဒွန်တွဲနေပါတယ်။ သင့်ဘ၀ နေထိုင်မှု ပုံစံနဲ့ လိုက်လျောညီထွေ အရှိဆုံး ကာကွယ်တားဆီးနည်းကို ရွေးချယ်ဖို့လိုပါတယ်။ ပဋိသန္ဓေတားနည်းကို မရွေးချယ်ခင်မှာ သင့်ကိုယ်ပိုင်း ကျန်းမာရေးအခြေအနေကို စဉ်းစားပြီး သင့်တော်တဲ့ တားနည်းကို ရွေးချယ်သင့်ပါတယ်။

(၉) အပြင်မှာ သုက်လွှတ်တဲ့နည်းက ဘယ်လောက်အထိ စိတ်ချရပါသလဲ။
ဒီနည်းက ဆုံးရှုံးနိုင်ခြေ ၂၇ ရာခိုင်းနှုန်း ရှိပါတယ်။ ဆိုလိုတာက အိမ်ထောင်သည် ၁၀၀ က ဒီနည်းကို သုံးရင် ၂၇ ဦးက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။   

(Good Health Journal ကေအမ် ၏ ဆောင်းပါး အား ကူးယူဖေါ်ပြပါသည်။) 

No comments:

Post a Comment